ကျွန်တော်ကို 16.04.1997 (5th Year စာမေးပွဲပြီးချိန်) မှစ၍ 2006 နှစ်ကုန်အထိ Structural Design စတင်တွက်ခွင့် ပေးခဲ့ပြီး၊
Designer & Consultant တစ်ယောက်အဖြစ် ဆရာ၏ KMT Design and Consultant Group ရပ်တည်ခွင့်ပေးခဲ့သော..
စာတွေလက်တွေ့ပေါင်း များစွာကို ကျောင်းတွင်သာမက၊ အလုပ်ခွင်၌လဲဆက်လက် သင်ကြားပေးခဲ့သော..
မိသားစု တစ်စုလို အတူတူအလုပ်လုပ်ခွင့်ပေးခဲ့သော..
ဆရာဖြင့် အတူတူ ၄င်း၊ ဆရာကိုယ်စားအဖြစ်၎င်း Construction Company များနှင့် အစည်းအဝေးများတက်ရခြင်း၊ Architect Company များ၊ Developer များနှင့် Project များအတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ရခြင်းဖြင့် အတွေ့အကြုံသစ် အမြင်အသစ်များ ရရှိစေရန် နေရာပေးခဲ့သော..
ဆရာတာဝန်ယူကြီးကြပ်ရသော Construction Site များတွင်လဲ ဆရာကိုယ်စား Inspector တစ်ယောက်အဖြစ် စစ်ဆေးကြီးကြပ်ခွင့်များပေးခဲ့သော…
Personal အခက်အခဲများကြုံခဲ့ချိန်များတွင်လဲ.. တာဝန်ယူဖြေရှင်းပေးလေ့ရှိခဲ့သော..
အခြေမကျသေးချိန်တွင် နေစရာကအစ စောင့်ရှောက်ခဲ့သော..
ချစ်တပည့်မိန်းမယူရာတွင်လဲ အကူအညီများစွာပေးခဲ့သော..
CQHP တင်ရသော အထပ်မြင့်အဆောက်အဦးများတွက်ရာတွင်လဲ ယုံကြည် စိတ်ချစွာဖြင့် တာဝန်ပေးခဲ့သော..
ကျောသား၊ ရင်သားခွဲခြားလေ့မရှိဘဲ မည်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံလေ့ရှိသော..
ကျေးဇူးရှင်ဆရာအား ဤနေရာမှာ ရိုသေစွာလက်စုံမိုး၍ ရှိခိုးလိုက်ရပါသည်ခင်ဗျား….။
ကျေးဇူးရှင် ဆရာ နဲ့ဆရာမ



bro ကျောင်းတော်ကြီးဓါတ်ပုံ ဘယ်လိုလုပ်ထားလဲ သိချင်ပါတယ်။
ReplyDeleteBro,
ReplyDeleteကျောင်းတော်ကြီးဓါတ်ပုံ ဘယ်လိုလုပ်ထားလဲ သိချင်ပါတယ်။
ခင်မင်စွာဖြင့်
ThuRa.
2007 တုန်းက blog ကို စလေ့လာတုန်းက သူများလုပ်ထားတာ မေးမြန်ပြီး လုပ်ထားတာ
ReplyDeleteအခုတော့ မေ့ကုန်ပြီ၊ blog ကိုဆက်မလေ့လာဖြစ်တာလဲပါတာပေါ့
web site တစ်ခုကနေ water effect လုပ်ထားတာတော့ မှိတ်မိတယ် ၊ ဘယ်ဝက်ဆိုက်လဲတော့ မသိတော့ဘူး