ပြီးခဲ့တဲ့ တလလုံးနီးပါးလုံးကတော့ ....
ကျနော်မလုပ်ချင်တဲ့ Lift Upgrading Design, dwgs checking & preparing for AC submission အလုပ်ရယ် ....
BTO Project တခုဖြစ်တဲ့ SK N3 C20 Project (HDB Housing Project) ရဲ့ အထပ်ထပ်ပြင်နေတဲ့ Architect + M&E ကြောင့် 5 ကြိမ်မြောက် Water Tank Beam Design (for all 6 blocks) တွေတွက်နေရတာရယ်နဲ့ အလုပ် ပိနေခဲ့ပါတယ်။
ဒီ BTO Project ရဲ့ တွက်ဖို့ကျန်နေသေးတဲ့ 1st story flat slab (for all blocks) ကိုတောင်မထိနိုင်သေးဘူး ဖြစ်နေပါတယ်။
တခါတလေ ကျတော့ ထပ်ခါတလဲလဲ ပြန်တွက်နေရတာကို ငြီးငွေ့ပါတယ်။
ကျနော်တို့ရုံးမှာ Lift Upgrading Project တွေဆိုရင် .... အဲ့ဒီအလုပ်တွေလုပ်နေကျ QP (Professional Engineers) တွေအကြိုက် Steel Lift Shaft Design ကို Microstran Analsysis & Design Software နဲ့သုံးပြီးတွက်နေကျဖြစ်ပေမယ့် .....
ကျနော်ကတော့ QP ရဲ့အလိုကိုဆန့်ကျင်စွာ ETABS software လေးကိုဘဲသုံးပြီး Structural Design တွက်ခဲ့ပါတယ်။
အခုလုပ်နေတဲ့ Lift Upgrading Proejct ကတော့ Design & Built 9F ဖြစ်ပြီး၊ Precinct 5 ခုပါဝင်ပါတယ်။
Precinct E & Precinct D တို့ကတော့ AC clear ဖြစ်ပြီးတော့ တည်ဆောက်ခွင့်ကျတဲ့အထိ ပြီးသွားပါပြီ။ လက်ရှိလုပ်နေရတာကတော့ တတိယမြောက်ဖြစ်တဲ့ Precinct B ဖြစ်ပြီး၊ Precinct ၂ ခုစာပေါင်းထားသလိုကြီးပါတယ်။
ဒီ Precinct ထဲမှာ Blocks ပေါင်း 15 blocks ပါဝင်ပါတယ်။
New Lift Shaft ပေါင်း ၆၆ စင်း ထပ်ထည့်မှာဖြစ်ပြီး ၊ existign lift ပေါင်း ၁၀ စင်း ကို Upgrading လုပ်မှာဖြစ်ပါတယ်။
ရှိပြီးသားအဆောက်အဦးတွေကတော့ 4 ထပ် ၊ 8 ထပ် ၊ 12 ထပ် နဲ့ 16 ထပ် ဆိုပြီး အမျိုးမျိုးပါဝင်ကြပါတယ်။
လုပ်ထားတဲ့ ETABS steel lift shaft modeling တချို့ကို လေ့လာချင်မယ့် သူတွေအတွက် မျှဝေလိုက်ပါတယ်။
ဒီနေရာလေး (mediafire) မှ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ 4 ထပ် နဲ့ 16 ထပ် Model တွေဖြစ်ပါတယ်။
ETABS version 9.7.1 နဲ့လုပ်ထားတာ ဖြစ်ပြီး၊ ဗားရှင်းမတူသူများဖွင့်နိုင်ရန် $ET ဖိုင်များလဲပါရှိပါတယ်။
rar ပတ်စ်ဝက်ကတော့ အမ်အီးအက်ဖ် အကြီးသုံးလုံးကို ဆက်တိုက်ရေးရမှာဖြစ်ပါတယ်။
Wind Pressure :
1st sty - 13th sty = 0.6 kN/m2
13th sty - above = 0.75 kN/m2
Design assumption for New Lift Shaft တွေကိုတော့ .......
ကိုယ့်ရဲ့ new footing (micropile) ပေါ်မှာဘဲ တင်ထားပြီးတော့ ၊ existing building တွေနဲ့ ထိစပ်နေတဲ့ နေရာမှာ X & Y direction ကိုသာ restraint ပေးထားပြီး ၊ Z direction (vertical) တွေကို release လုပ်ပေးထားခြင်း အားဖြင့် extg bld တွေပေါ်ကို additional loading တွေ ထပ်မံမရောက်ရှိအောင် design လုပ်ထားတာဖြစ်ပါတယ်။




No comments:
Post a Comment