Blog Archive

Sunday, July 3, 2011

8.4.2011 ၊ 10AM - 11:30AM

8.4.2011 ၊ 10AM - 11:30AM

သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖြစ်တာ တခု ထပ်ဆွေးနွေးပါရစေ။

Prokon ဆိုတဲ့ Software လေးက ကျနော် အခါအားလျော်စွာ သုံးဖြစ်နေတဲ့ Software တွေထဲက တခုပါ။
Steel / Concrete / Timber etc. စတဲ့ဒီဇိုင်းတွေရဲ့ Element တခုချင်းစီ ခွဲခြား ဒီဇိုင်းလုပ်ရာမှာ အသုံးပြုရလဲ လွယ်ပြီး ၊ သုံးပျော်တဲ့ Software လေးတခုလို့ဆိုရပါမယ်။

ဒါပေမယ့် ကျနော် Prokon>Concrete>CB (continuous beam) လေးကိုသုံးကြည့်တဲ့ နဲနဲအဆင်မပြေတာလေး တခုတွေ့မိတယ်။ 




သူ့ရဲ့ Shear Design Stirrups တွက်ရာမှာ ဘယ်လို ယူဆထားတယ်ဆိုတာလေး ကျနော် သိပ်နားမလည်တာကြောင့်လဲ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါလေးဖြေရှင်းနည်းကိုသိရင်တော့ ၀င်ပြီးဆွေးနွေးသင်ပေးပါအုံးလို့ ဖိတ်ခေါ်ပါရစေ။

အောက်ကပုံလေးမှာ ကြည့်လိုက်ရင် Shear Design ကို "0"m distance မှာ Shear Force Maximum ဖြစ်ပေမယ့် ... Shear Design ကိုစတွက်ရာမှာ 0.5m distance ကနေမှ စတွက်ပါတယ်။ ဒီလို Shear Design စတွက်တဲ့ distance ဟာ အမြဲ 0.5m (support အဖြစ်ယူတာလဲမဟုတ်) လို ယူဆတာလဲမဟုတ် ၊ Loading များရင် များသလို အဲ့ဒီ စတွက်တဲ့ distance က ပြောင်းပြောင်းသွားတတ်တယ်။ အဲ့ဒါကို "0" m distance ကနေ စတွက်အောင် လုပ်ချင်ပေမယ့် ရှာမရဘူး။
အဲ့ဒါကြောင့် ... အခု CB လေးကိုသုံးရင် Stirrups ကို သိပ်စိတ်မချရဘူးလိုဖြစ်နေတယ်။
Stirrups Design ကို Analysis ကနေ Maximum Shear Force ကိုယူပြီး တခြား လက်တွက် ၊ excel spread sheet တွေ ယှဉ်တွက်ကြည့်ရင် မကိုက်ပြီးဖြစ်နေတာပေါ့။





နောက်တခု သတိထားဖို့အရေးကြီးတာက အောက်ကပုံမှာလို ....
(1) Fy = 460 N/mm2 ..... ဆိုရင် .... အပြင် Construction Site ထဲမှာ " T " bar လို့ခေါ်နေကြတဲ့ steel strength ပေါ့။
Fyv = 250 N/mm2 .... ဆိုတာကတော့ " R " bar လို့ခေါ်နေကြတဲ့ round bar တွေပေါ့။
Stie ထဲမှာ တကယ်တည်ဆောက်မယ့် strength တွေနဲ့ ကိုယ်တွက်တဲ့ design strenght ကတူညီဖို့အရေးအကြီးဆုံးပါ။

(2) နောက်ထပ်တခု အရေးကြီးတာကတော့ အရှေ့ကပို့စ်မှာ ဆွေးနွေးခဲ့သလို ETABS မှာ defined section တွေရဲ့ Cover တွေက design ouput (required steel area) တွေအတွက် အရေးကြီးသလို ... Prokon မှာလဲ final design steel detailing arrangement တွေနဲ့ ကိုက်ညီမယ့် Cover ထည့်ပေးဖို့ အင်မတန် အရေးကြီးလှပါတယ်။





Endless Learning !









No comments:

Post a Comment