အရင်ဆုံးမိတ်ဆက်ပေးလိုတာက ကျနော်ခဲ့တဲ့ Calculator လေးတွေကိုပါ။
ကျောင်းကထုတ်ပေးခဲ့တဲ့ CASIO Fx 1000D ကတော့ ပျက်သွားပြီ။
Formula တွေရေးလို့ရတဲ့ Calculator ၀ယ်သုံးခဲ့ဖူးပေမယ့် သူလဲ ပျက်သွားခဲ့ပြီ။
အခုလက်ရှိသုံးဖြစ်နေတာကတော့ ကျနော်နဲ့ ၁၄ နှစ်တာ ကာလပတ်လုံး လက်တွဲမပြတ်ခဲ့တဲ့ Two way power သုံးလို့ရတဲ့
CASIO Fx-991s Calculator လေး ၂ လုံးပါ။
အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။
ညာဘက် အလုံးဆိုရင်ဖြင့် နှိပ်တဲ့ခလုတ်လေးတွေပေါ်က စာလေးတွေတောင် ဖတ်မရတော့ဘူး။ ဒါပေမယ့် အခုထက်ထိတော့ သုံးလို့ရနေဆဲပါ။
ဒါလေးတွေက ဒီဇိုင်းနာတယောက်ရဲ့ တိုက်ပွဲဝင် လက်နက်တွေထဲက တချို့ပေါ့ ....
ဒါလေးတွေနဲ့ Beam Loading တွေတွက်တယ် ၊ Column Loading တွေတွက်တယ် ....
(+ - x ÷ ) တွေလုပ်တယ် ၊ scientific function တွေကိုသုံးတယ် .... ။
ကွန်ပျူတာသုံးဖို့မလိုအပ်တဲ့နေရာတာလေးတွေမှာ သုံးရတာပါ။ အလုပ်နဲ့ပတ်သက်လို့သွားတဲ့နေရာတိုင်း ယူသွားလေ့ရှိတဲ့ ပစ္စည်းတွေထဲက တခုပါ။
အခုနောက်ပိုင်းတော့ scientific calculator အဖြစ်သုံးလို့ရတဲ့ iPhone ရဲ့ application တခုကလဲ မဆိုးပါဘူး။
ဒါပေမယ့် ကျနော်ကတော့ တကယ့် Calculator ကိုသုံးရတာ ပိုနှစ်သက်မိပါတယ်။



No comments:
Post a Comment