Blog Archive

Sunday, July 3, 2011

7.4.2011 ၊ 9AM - 12PM

7.4.2011 ၊ 9AM - 12PM 

ရုံးမှာ ETABS software ကိုသုံးရင်းနဲ့ ..... စိတ်ထဲ သိပ်အစာမကြေတာလေးတွေ တွေ့မိလို့ ...
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တယောက်နဲ့ဆွေးနွေးဖြစ်တယ်။ 
ETABS မှာ RC design လုပ်တဲ့အကြောင်းလေးပေါ့။

ပုံမှန် ETABS modeling လုပ်ပြီး Loading (reaction) ယူရုံလောက်ဘဲအတွက်ဆိုရင်တော့ 
Section Define လုပ်တဲ့နေရာမှာ သိပ်အရေးမကြီးပေမယ့် ....

တကယ်တမ်း ETABS ကိုသုံးပြီးတော့ RC Design ကိုပါလုပ်တော့မယ်ဆိုရင်တော့ Beam & Column Section တွေကို Define လုပ်ရာမှာ သူတို့ရဲ့ Cover ကို သေချာ တကယ့် final design detailing မှာထည့်မယ့် သံချောင်း postion အတိုင်း နီးစပ် အောင် ထည့်ခဲ့ပေးဖို့ အင်မတန် အရေးကြီးတဲ့အကြောင်းတွေကို ဆွေးနွေးဖြစ်တာပါ။

နောက်ပြီး ထပ်အသေးစိတ်ထပ်ဆွေးနွေးဖြစ်တာကတော့ ... ETABS ရဲ့ Column section define လုပ်ရာမှာ သူ့ရဲ့ steel arrangement အကြောင်းပါ။
Program ရဲ့ default arrangement ကတော့ X-dir -- 3 nos & Y-dir --- 3 nos (total 8 nos) ဖြစ်ပြီး အဲ့ဒါက ဒီဇိုင်းဘက်ကို သက်ရောက်မှုရှိမရှိ ဆွေးနွေးရင်း နဲ့ စိတ်ပိုပါလာကြပြီး ၊ အမျိုးမျိုး အဖုံဖုံ Trial လုပ်ပြီးစမ်းသပ်ကြည့်ကြပါတယ်။ (ကျနော်နဲ့ဆွေးနွေးသူ သူငယ်ချင်းကလဲ ETABS expert တယောက်ပါ) 
(ကျနော်တို့ရုံးမှာက တခြားကျနော်လုပ်ခဲ့ဖူးတဲ့ ရုံးတွေနဲ့မတူညီစွာ .... ကိုယ့်ကို Assign လုပ်ထားတဲ့ အလုပ်တွေ သတ်မှတ်ထားတဲ့အချိန်မှာ ပြီးဖို့ဘဲလိုပြီး ၊ အခုလို ကိုယ့်အချိန်တွေကို ကိုယ်ကိုတိုင် manage လုပ်လို့ ဆွေးနွေးလေ့လာတဲ့ဘက်မှာလဲ အသုံးပြုနိုင်တာကို ကျနော်ကြိုက်ပါတယ် ၊ ကိုယ့်ကို အလုပ်လုပ်မလုပ် မျက်စိဒေါက်ထောက်ကြည့်နေတဲ့ သူဌေးမရှိတာကိုက စိတ်ချမ်းသာစရာပါ)

၃နာရီလောက် စမ်းသပ်ခဲ့ကြပြီး နောက်ဆုံး Conclusion အနေနဲ့တွေ့ရှိလိုက်တာကတော့ .... ETABS Column Design မှာ Col Section Define လုပ်ရာမှာ ... ထည့်ရမယ့် သံချောင်းတွေကို မထည့်ဘဲ Zero (သုည) ထည့်ပေးခြင်းက ဒီဇိုင်းပိုင်းမှာ စိတ်အချရဆုံး Required Steel ကိုရရှိနိုင်မှာဖြစ်ပါတယ်။ ရရှိလာတဲ့ output required ကို မိမိတို့ frame မှာ ထည့်သင့်တဲ့ steel arrangement ထည့်ပေးလိုက်ဖို့တော့ နဲနဲ ထပ်စဉ်းစားပေးဖို့ လိုအပ်ပါလိမ့်မယ်။




အဲ့ဒီနေ့ကတော့ နေ့တ၀က် အဲ့ဒီလို နေ့တ၀က်နီးပါး အချိန်ကုန်သွားခဲ့တယ်။ ကျနော်တို့ desgin အလုပ်ဆိုတာမျိုးက ပြီးပြည့်စုံသွားတယ်ဆိုတာကို မရှိဘဲ အလုပ်လုပ်ရင်း သင်ယူရင်း သွားနေကြရတာပါ။ Endless Learning ပါဘဲ ။
ကျန်နေ့တ၀က်ကတော့ Urgent လုပ်စရာတွေရှိတဲ့ Assigned လုပ်ထားတဲ့ Project 2 ခုကို (SK N3C20-New HDB Developed Project & D&B9F Lift Upgrading) တပြိုင်ထဲ ဟိုလုပ်ဒီလုပ်လုပ်ရင်း အချိန်ကုန်သွားခဲ့တယ်။ ပြန်ခါနီး Expo Phase II Project ရဲ့ Main Truss ကို ... Architect ပြင်လို့ ပြန်ဒီဇိုင်းလုပ်ပေးရအုံးမယ်ဆိုတဲ့ အီးမေး တခုရောက်လာတယ်။




No comments:

Post a Comment