9.5.2011 - 13.5.2011
ဒီတပတ်တော့ AC ဆီပို့ထားတဲ့ Precinct B အတွက် .... Calculation ပြင်ဆင်ရတဲ့အပိုင်းပေါ့။
QP က ၂ ရက်အတွင်း .... New Lift Shaft ပေါင်း ၆၆ စင်း နဲ့ existign lift ပေါင်း ၁၀ စင်း အတွက် Complete Calculation ဖြစ်အောင်လုပ်ပေးပါလို့ .... ပြောလာပါတယ်။
အားလုံးတွက်ထားပြီးသားတွေ ဖြစ်ပေမယ့် အချောသတ် Calculation ဖြစ်ဖို့အတွက်ကတော့ ... ၂ ရက်အတွင်းဆိုတာ အင်မတန်နည်းပါတယ်။
နောက်ပြီး ကျနော့်ကို ထပ် Assign လုပ်ထားတဲ့ Woodland က BTO Project ကလဲ စတင်အလုပ်များလာနေပြီး ၊ တခြားလုပ်လက်စ Sengkang BTO ကလဲ လက်စသတ်စရာတွေ ရှိနေပြန်သေးတယ်။
နောက်ဆုံးတော့လဲ မပြီးပြီးအောင်လုပ်ပေးလိုက်ရတယ်ဆိုပါတော့ ။ ဒါပေမယ့် ရုံးချိန်တွင်းမှာဘဲ ပြီးအောင်လုပ်ခဲ့ပါတယ်။
ရုံးချိန်ထက်ပိုပြီး ရုံးမှာနေလို့မဖြစ်ဘူးလေ ... ရုံးဆင်းတာနဲ့ ၆ နာရီ ဒေါင် ဆို ခလေးကို ကျောင်းသွားကြိုရသေးတာကိုး။
ကျနော်ပြင်ဆင်လိုက်တဲ့ Calculation တွေထဲကမှ ....
New Lift Shaft တခုရဲ့ ETABS Design input, output & Design Calculation ပြင်ဆင်ထားပုံလေးကို လေ့လာချင်သူတွေအတွက် နမူနာကြည့်လို့ရအောင် ပြန်လည်မျှဝေပေးချင်ပါတယ်။
အပြည့်အစုံ Calculation Booklet ကိုတော့ မမျှဝေနိုင်တာ ခွင့်လွှတ်ပါ။ Company နဲ့ပတ်သက်တဲ့ Data တွေကိုလဲ ချန်ထားလိုက်ပါတယ်။
တခြားမေးမြန်းဆွေးနွေးချင်တာရှိရင်တော့ အချိန်မရွေး ဒီပို့စ်ထဲမှာဖြစ်ဖြစ် ၊ အီးမေးနဲ့ဖြစ်ဖြစ် ပြန်လည်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
mediafire မှ ဒေါင်းလုပ်ရယူရန် .......
4shared မှ ဒေါင်းလုပ်ရယူရန် .........
ပတ်စ်ဝက်ကတော့ ထုံးစံအတိုင်း အက်အီးအက်ဖ် ပါဗျာ။
No comments:
Post a Comment