Blog Archive

Saturday, July 16, 2011

ကို SKL ရဲ့ 1st Project

ကို SKL ရဲ့ 16.7.2011 ; 3:20 PM ကပို့လာတဲ့ Model လေးပါ။
စစ်ဆေးတွေ့ရှိတာလေးတွေ ပြန်လည်ဆွေးနွေးပေးလိုက်ပါတယ်။

ETABS Model Pre-preparation
1) Main Unit “kN-m” ပြင်ဆင်ထားပုံ မှန်ပါသည်။
2) Design Code “BS8110-97; gm = 1.15 (Gamma Steel)” ရွေးခြယ် ပြင်ဆင်ထားပုံမှန်ပါသည်။
3) Material Properties “G30, G460 & G250” define လုပ်ထားပုံများ မှန်ပါသည်။
4) Defined လုပ်ထားသော “B200x400 & B200x500 တို့၏ type, sizes & cover” များအားလုံး မှန်ပါသည်။
5)  Defined လုပ်ထားသော “1M150, M150, S150 & W200 များအားလုံး ရွေးခြယ်ရမယ် Type, thk & Set Modifier” များအားလုံး မှန်ပါသည်။ သို့သော် Stair Flight ကို Model လုပ်ရန်အတွက် “Type = shell, thk = 175 or 200 mm, set modifier (bending) = 0.2” type ကို define လုပ်ထားထားတာ မတွေ့ရပါ။

Modeling, Member Assignment & Loading Input
1) Beam များ သူ့နေရာနဲ့သူ အားလုံးမှန်ကန်စွာ Model တည်ဆောက်ပြီး Assign လုပ်ထားပါသည်။
2) Typical Lvl များတွင် Loading များ မှန်ကန်စွာတင်ထားပါသည်။ Roof lvl တွင် အောက်ပါအတိုင်း Modify လုပ်ပေးပါရန်။




3) Every Typical Floor lvl များတွင် Verandah (shell typ-cantilever slab) ၏ parameter slab တလျှောက်တွင် parapet wall wt. ကို none line ဖြင့် တင်ပေးပါရန်။




4) အောက်ပုံတွင် ပြထားသော Beam (every floor) တွင် End release လုပ်ပေးရန် လိုအပ်ပါသည်။ ထို့အတူ landing beam များတွင်လဲ end release လုပ်ပါရန် ။



5) Wall, Slab များ assign လုပ်ထားသည်များ မှန်ပါသည်။
6) Stair type slab define လုပ်ထားသည်ကို မတွေ့ရပါ။ stair flight နေရာတွင် S150 ကိုသာသုံးထားပါသည်။ ပြင်ဆင်ရန်လိုအပ်ပါသည်။ auto Mesh လုပ်ပေးရန်။ (အောက်ပုံတွင်ကြည့်ပါ)


7) Slab များပေါ်တွင် Loading တင်ထားသည်များ မှန်ပါသည်။ သို့သော်
Roof lvl slab တချို့ နှင့် Stair flight & landing များပေါ်တွင် Live Load & SDL loading များတင်ပေးရန် ကျန်ခဲ့ပါသည်။





Analysis & Design
1) Last Run Analysis Log … file တွင် Warning & serious error မတွေ့ရပါ။


ETABS file ဒေါင်းလုပ်လင့် (mediafire)

1 comment:

  1. Dear Sir,
    Please let me know password of your etabs file.

    ReplyDelete