မူရင်းလင့် : http://goo.gl/ebkP6
ကျွန်တော်မေးချင်တာလေးရှိလို့ပါ။ကျွန်တော်တို့ အခု အိမ်တစ်လုံးကို design တွက်နေရပါတယ်။ slab and beam ကိုတော့တွက်ပြီးသွားပြီ။အခု column ကိုဆက်တွက်ရမှာ design aid ထဲမှာက chart ကိုကြည့်ဖို့ က fy=60000 f'c=4000 အတွက်ပဲရှိတယ်။ ကျွန်တော်တို့တွက်ရမှာက fy=40000 f'c=3000 ဖြစ်နေတယ်။ဘယ်လိုဆက်တွက်ရမှန်းမသိလို့ ကူညီကြပါဦး။
ကိုနှင်းမောင် ရေ ....
ကျောင်းမှာလုပ်ရတဲ့ Project မို့လို့ မဖြစ်မနေ Column Interaction Diagram လိုနေတယ်ဆိုရင်တော့ .... Software တခုခု ရဲ့ အကူအညီ ယူပြီး Diagram တွေကို ရယူလို့ရပါတယ်။
ဥပမာ ETABS, Prokon, GEAR စတဲ့ software တွေပေါ့ ။
ဒါမှမဟုတ်ဘဲ .... အပြင် အလုပ်ဆိုရင်တော့ Diagram ဖတ်တာထက်ပိုလွယ်ကူ မြန်ဆန်တဲ့ အထောက်အကူ Software, Program & spread sheets စတာတွေကို သုံးသင့်ပါတယ်။
အောက်ကပုံလေးကတော့ နမူနာအနေနဲ့ ACECOMS GEAR2003 software လေးကို သုံးလို့ Interaction Diagram generate လုပ်ပုံလေးပါ။
အဆင့် (၁) GEAR software လေးကိုဖွင့်လိုက်ပြီး ၊ "RC Column Section Design" ထဲကို ၀င်လိုက်ပါ။
(OR)
အဆင့် (၂) ကိုယ်ဖြစ်စေချင်တဲ့ "fc' & fy" ကို ပြောင်းလိုက်ပါ။
အဆင့် (၃) "Column Size" ကို ထည့်ပါ။
အဆင့် (၄) "Interaction Diagram" ဆိုတဲ့ Shortcut Icon လေးကို နှိပ်ပါ။
အဆင့် (၅) "Refersh Diagram" ဆိုတာလေးကို နှိပ်ပြီး Diagram ကိုကြည့်နိုင်ပါသည်။
အဆင့် (၆) Diagram လေးကို Hardcopy အနေနဲ့လိုအပ်တယ်ဆိုရင်တော့ "Print" ဆိုတာလေးကို နှိပ်ပြီး ထုတ်လိုက်ပါ။



No comments:
Post a Comment