"Summary Report..." Text File လေးကို အောက်ပါအတိုင်း ....
File>Print Tables...>Summary Report... မှရယူနိုင်ပါသည်။
"Summary Report..." text ဖိုင်လေးရဲ .... STOREY DRIFTS ဆိုတဲ့ နေရာလေးမှာ ETABS software က Auto စစ်ဆေးပေးထားတဲ့ ...
တထပ်ချင်းစီရဲ့ ... X & Y direction တဘက်ချင်းစီရဲ့ ... Lateral Load တခုချင်းစီရဲ့ .... Max Drift တွက်ချက်စစ်ဆေးထားတာလေးကို တွေ့မြင်နိုင်ပါသည်။
ပုံမှန် အဆောက်အဦးတွေမှာတော့ 1/500 နဲ့ စစ်ဆေးပေးရလေ့ရှိပါသည်။
HDB အဆောက်အဦးများကိုတော့ အထပ် 30 နှင့် အထက် ဆိုပါက စစ်ဆေးပေးရပါသည်။
နမူနာအဖြစ် ... Summary Report file လေးကို အောက်မှ လင့်မှ ဒေါင်းလုပ်ရယူနိုင်ပါသည်။
ပတ်စ်ဝက်ကတော့ "အမ်အီးအက်ဖ်" အကြီးသုံးလုံးဆက်တိုက်ရေးရမှာဖြစ်ပါသည်။
ETABS summary Report file ....... Download Link
Manually မိမိကိုယ်တိုင် စစ်ရမှ အားရမယ့်သူများအတွက် ....
"Display > Show Tables ... " လေးကို နှိပ်လိုက်ပါက ... အောက်ပါပုံလေးပေါ်လာပါလိမ့်မယ်။
(1) "Analysis Results > Displacements > Table Diaphragm Drifts" လေးကို ရွေးပါ။
(2) "Select Cases/Combinations" ထဲမှ Lateral Load Cases တွေချည်းကို ရွေးပါ။
အားလုံးပြီပါက အိုကေ အိုကေ ဆိုတာတွေကို နှိပ်ပြီး ထွက်လိုက်ပါ ၊ ပေါ်လာသော excel ဖိုင်ကို copy ကူးယူပြီး အောက်တွင်ပေးထားသော ဒေါင်းလုပ်လင့်မှ excel လေးထဲတွင် ထည့်ပြီး စစ်ကြည့်နိုင်ပါသည်။
Story Drifts Check excel file ... Mediafire Download Links

No comments:
Post a Comment